ရေဦးမြို့နယ်၊ အင်တောကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးမြို့နယ်၊ အင်တောကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

 


MNP ၊ ဇန်နဝါရီလ ၁၉

 မနေ့က ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာရှိ PDF နှင့် ဆက်နွယ်နေသော နေအိမ်များအား ရှာဖွေစစ်ဆေးရာ PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အင်တောကျေးရွာမှ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အနေဖြင့် လက်လုပ်စိန်ပြောင်း ၁၄ လက်၊ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ လက်လုပ်စိန်ပြောင်း ဗုံးသီးထိပ်ဖူး ၂၂၀ ခု၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂၄ လုံး၊ လက်လုပ် Drop ဗုံးသီး ၅၀ လုံး၊ လက်လုပ်တိုင်မိုင်း ၂ လုံး၊ လက်လုပ်သေနတ်ပြောင်း ၅ ချောင်း၊   ပြောက်ကျားအင်္ကျီ ၁ ထည်၊ ယမ်းမှုန့် ၂၅ ပိဿာခန့် ၃ ပုံး၊ တွင်ခုံ ၁ လုံး၊ ဝရိန်ပုံး ၃ ပုံး၊ သံဖြတ်စက် ၁၅ လုံး၊ ယမ်းကြိုး ၂ ခွေ၊ Digital ကတ္တား ၁ ခုတို့ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)