PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ


MNP  -  ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်းတို့ ၂ ဦးသည် အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ကံကောင်းသည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။


အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။


ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)