မြင်းမူမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ် လဝကရုံး အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ် လဝကရုံး အား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်စီး



MNP ၊ ဇန်နဝါရီလ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် အောင်ဇေယျရပ်ကွက်တွင်ရှိသော မြို့နယ် လဝကရုံးသို့  ယမန်နေ့ ည ၇ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

မြို့နယ်လဝကရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အေးချမ်းစွာနေထိုင်လိုသော ဒေသခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့များက အချိန်နှင့်တပြေးညီ သွားရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDF ပဒက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ပဒက်များသည် ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ည ၇ နာရီခွဲခန့်တွင် တာဝန်ရှိသူများက  မီးလောင်မှုဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်နေရာသို့  မီးသတ်ယာဉ်များဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)