နိုဘယ်ငြိမ်းချမ်းရေးဆုရင်ကြီးက PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ထောက်ခံအားပေးသတဲ့လား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုဘယ်ငြိမ်းချမ်းရေးဆုရင်ကြီးက PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ထောက်ခံအားပေးသတဲ့လား



အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်အက်၊ ဆက်သွယ်ရေးနှင့်ပို့ကုန်သွင်းကုန်အမှု၊ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာသုံးစွဲမှု အစရှိတဲ့ ပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျဉ်းကျခံနေရတာ ၂နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခြင်းမျိုး မဟုတ်ဘဲ မိုးပြိုသည်အထိ အနိုင်ရလိုစိတ်နဲ့ ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအနိုင်ရချင်ခဲ့တဲ့ ဒေါ်စု စကားကို ထမိန်ခြုံသူမိုက်များက မစဉ်းစားမဆင်ခြင်ဘဲ ဂရင်းနစ်စံချိန်တင်လောက်တဲ့ မဲလိမ် မဲခိုးမှုကြီးကို ကြူးလွန်ခဲ့ကြတယ်။

ကမ္ဘာ့မှတ်တမ်းမှာ ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဘူးတဲ့ ၁၁.၃သန်းကျော် မဲလိမ် မဲခိုးမှုကြီးကို ကြူးလွန်ခဲ့ကြပြီးတာတောင် ပြည်ပသြဇာခံ NLD အစွန်းရောက်များဟာ ကိုယ့်အမှားကို ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိတဲ့အပြင် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲကနေ တပ်မတော်က အာဏာလုပါတယ်လို့ လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်လာကြတယ်။

ထမိန်ခြုံသူရမ်းကားတွေ အခုလို ပြည်ဖျက်စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့ကြတာ မထူးဆန်းပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူခွင့်မလွှတ်နိုင်တဲ့ ကိစ္စနှစ်ခုကတော့ အဂတိလိုက်စားမှုနဲ့ လူမှုရေးဖောက်ပြန်မှုလို့ ပြောပြီး သူမကိုယ်တိုင် ရှေ့ဆောင်လမ်းပြ အဂတိလိုက်စားမှုတွေ ကြူးလွန်ခဲ့တာပဲ မဟုတ်လား။ ခေါင်းဆောင်ကမှ ကိုယ့်စကားကိုယ် မလေးစားပဲ ထမိန်ခြုံသူရမ်းကားတွေဟာ ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြီး ရမ်းကားတာတော့ မထူးဆန်းပါဘူး။ 

ထမိန်ခြုံသူရမ်းကားတွေ သူမတူအောင် ဘာကြောင့်ရမ်းကားသလဲဆိုပြန်ရင်လည်း သူတို့ရဲ့ ပြည်ဖျက်စီမံကိန်းတွေကို အစဉ်သဖြင့် ကူညီပံ့ပိုးပေးမယ့် နိုင်ငံတွေရှိတယ်။ အဖွဲ့အစည်းတွေ ရှိတယ်။ ထမိန်ခြုံသူရမ်းကားတွေ လုပ်ကြံဖန်တီး ပြောဆိုသမျှ ဝါဒဖြန့်ပေးမယ့် ပြည်ဖျက်မီဒီယာတွေကလည်း အင်အားအပြည့်အဝ ရှိတယ်။ ထမိန်ခြုံသူရမ်းကားတွေ ရမ်းကားခွင့် ရအောင် မြန်မာပြည်ကို ဖျက်ဆီးချင်တဲ့ အနောက်အုပ်စုက အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။

နိုင်ငံရေးလုပ်စားလိုသူတွေ၊ ပြည်ဖျက်မီဒီယာတွေအနေနဲ့က ပြည်သူအများကို သူတို့ရဲ့လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါလုပ်ဆောင်လာအောင် ပြည်သူအများ လေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးတော့ လိုပါတယ်။ ဒေါ်အောင်ဆန်းစု ကတော့ သူတို့ လိုသလို အသုံးချဖို့ အကောင်းဆုံး ပုဂ္ဂိုလ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမ ကြူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် အကျဉ်းကျခံနေရတယ်။ ပြည်ဖျက်မီဒီယာတွေက သူတို့ လုပ်ကြံဖန်တီးပြီး ဖြန့်ဝေချင်တာကို ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်လို့ ခေါင်းစဉ်တပ်တယ်။ RFA သတင်းဌာန က ဂျင်း ခင်မောင်စိုး တို့၊ VOA က သားညွန့်ဦး ဟာ လုပ်ကြံဖန်တီးပြီး ဖြန့်ဝေရာမှာ သိပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါပဲ။

RFA သတင်းဌာန က ဂျင်း ခင်မောင်စိုး က ဒေါ်စုပြောသော စကားနှစ်ခွန်း၊ လူငယ်တွေ ခုခံတော်လှန်နေတာကို အားပေးတယ်ဆိုပြီး ရှောင်တာနာနဲ့ မှာလိုက် ပါတယ်ဆိုတဲ့ ဂျင်းတွေဟာ PDF အကြမ်းဖက်သမားလေးတွေ မိုက်လုံးထွားလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖော်ပြခဲ့တဲ့ ဂျင်းတွေပါပဲ။

TNLA နယ်မြေမှာ PDF အကြမ်းဖက်သမားတွေထံ ပို့ဆောင်မယ့် လက်နက် ၅၀၀ နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ် ပေါ်ပေါက်ပြီးတဲ့အချိန်မှာ VOA သတင်းဌာန က သားညွန့်ဦး က NUG က အရက်သမား ရည်မွန်နဲ့ ဆက်သွယ်ပြီး ဒီလက်နက်တွေဟာ PDF ရဲ့ လက်နက်တွေ မဟုတ်ပါဘူးလို့ ငြင်းချက်ထုတ်ခိုင်းတယ်။ အရက်သမား ရည်မွန် ကလည်း သားညွန့်ဦး လိုလားတဲ့ အဖြေရအောင် ကြိုးစားဖြေပေးရှာပါတယ်။

RFA က ဂျင်း ခင်မောင်စိုး က သူလုပ်ကြံဖန်တီး ဖြန့်ဝေထားတဲ့ လူငယ်တွေ ခုခံတော်လှန်တာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အားပေးပါတယ်ဆိုတဲ့ စကားကို ထပ်ဆင့် လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတယ်။ ပြည်ပြေး ဝရမ်းပြေး ဇော်ဝေးစိုးနဲ့ ဆက်သွယ်ပြီး ဒီစကားကို ထပ်ပြီး လှုံ့ဆော်တယ်။ ဘာအဖြေပေးလို့ ပေးရမှန်းမသိတဲ့ ဇော်ဝေးစိုး ကလည်း ဖောလျောဖြေသွားတယ်။ ထပ်ပြီး ဂျင်း ခင်မောင်စိုး က ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင် နဲ့ ဆက်သွယ်ပြီး ဒီစကားကိုပဲ ထပ်ဆင့်လှုံ့ဆော်တယ်။

ဇင်မာအောင် ရဲ့ အဖြေမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၅၀၀ အထိ သတ်ဖြတ်ထားတဲ့ PDF ကို အကြမ်းဖက်အဖွဲ့မဟုတ်ပါဘူးလို့ ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြီး ဖြေကြားသွားတယ်။ PDF က ဘယ်သူ့ကို ခုခံကာကွယ်နေတာလဲ။ နီပိန်းတွေကို ဘယ်သူအနိုင်ကျင့် စော်ကားနေလို့ ခုခံကာကွယ်တာပါလဲ။ နီပိန်းတွေကို တပ်မတော်သားတွေက အကြောင့်မဲ့ အနိုင်ကျင့် စော်ကားခဲ့တာမျိုး မရှိခဲ့ပါဘူး။ နီပိန်းတွေက PDF အမည်ခံပြီး လူမဆန်တဲ့ လုပ်ရပ်တွေ ကြူးလွန်လာခြင်းကြောင့်သာ အရေးယူဆောင်ရွက်ခဲ့ရတာမျိုးပဲ ရှိပါတယ်။ နီပိန်းတွေအနေနဲ့ တပ်မတော်ကို မကျေနပ်လို့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်တာမျိုးကို မပြောလိုပါဘူး။ နီပိန်း PDF တွေအနေနဲ့ အပြစ်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေတာက ခုခံကာကွယ်နေတာလား။ သံဃာတော်က နီပိန်း PDF တွေကို ဘာများ လုပ်နေလို့လဲ။ ဆရာ/ ဆရာမ တွေက နီပိန်း PDF တွေကို ဘာများ လုပ်နေလို့လဲ။ ဇင်မာအောင်ရဲ့ အဖြေနဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဟာ ဘယ်လိုမှ စပ်ဟပ်လို့မရဘူး။ PDF က အပြစ်မဲ့ သံဃာတော်တွေ၊ ဆရာ/ ဆရာမတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေပါ မချန် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို ကြူးလွန်နေပြီး ဝရမ်းပြေး ဇင်မာအောင် က ခုခံကာကွယ်နေရတာပါလို့ ပြောတဲ့စကား ဘယ်လို အပ်စပ်မှု ရှိတော့မှာလဲ။

ဝရမ်းပြေး ဇင်မာအောင် က အမေစုဟာ လူငယ်တွေနဲ့ နီးစပ်တဲ့ခေါင်းဆောင်၊ လူငယ်တွေ လုပ်နေတဲ့ လုပ်ရပ်အပေါ် ဂုဏ်ယူမှာပါလို့တောင် ပြောလိုက်ပါသေးတယ်။ ဇင်မာအောင် ပြောပုံအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြီးမှ မိုက်တဲ့ ကြီးမိုက်ဖြစ်နေပြီ။ ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားလူငယ်တွေက လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်လို့ ဆိုခဲ့စဉ်တုန်းက ကျောင်းသားလူငယ်တွေဟာ ဒီလိုမျိုးမလုပ်သင့်ဘူးလို့ ပြောခဲ့တယ်။ လွန်ခဲ့တဲ့ ၃၄ နှစ်ခန့်က ဒေါ်အောင်ဆန်းစုဟာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ် ကို အားမပေးခဲ့ဘူး။ ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ခဲ့ခြင်းဟာလည်း အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ကို အားမပေးခဲ့ခြင်းကြောင့်ပဲလို့ ယူဆရပါတယ်။ အခုလက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ဂုဏ်ယူတယ်လို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကြီးမိုက် ပေါ့။ ဂျင်း ခင်မောင်စိုး နဲ့ ပြည်ပြေး ဝရမ်းပြေး ဇော်ဝေးစိုး၊ ဇင်မာအောင် တို့ ဖန်တီးပြောဆိုနေတဲ့ စကားတွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဆီက ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတောင် ပြန်သိမ်းရမယ့် သဘောဖြစ်နေပါပြီ။

ဒါတွေက ပြည်ဖျက်မိစ္ဆာ ထမိန်ခြုံသူရမ်းကာတွေ ပုဂ္ဂိုလ်တစ်ဦးကို အမီပြုပြီး ပြည်ဖျက်စီမံကိန်းကြီးကို ရုပ်လုံးဖော်နေတာနဲ့ ပတ်သက်လို့ သုံးသပ်ပြဆိုခြင်းပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ CRPH, NUG၊ ပြည်ဖျက်မီဒီယာတွေ ရဲ့ လှုံ့ဆော်မှုနဲ့ PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံပါသလားလို့ မေးကြည့်ချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရမ္မက်ထတာကလွဲလို့ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး လူပြိန်းကြိုက် အလိုက်သင့် ပြောတတ်တဲ့ သူပါ။ နောက်ပြီး သူ့အတွက် ပေးဆပ်တာ၊ မပေးဆပ်တာကိုလည်း သူမ ထည့်မတွက်ပါဘူး။ သူ့ကို ဝန်းရံခဲ့တဲ့ လူတွေကိုတောင် သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး၊ ပန်းပုဆရာတွေပဲ လိုတော့တယ်လို့ စကားလုံးလှလှသုံးပြီး နှိပ်ကွပ်ခဲ့သေးတာပဲ။ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေဟာ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေ ဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဘာသာ သာသနာအပေါ် စော်ကားလိုစိတ်၊ ဗမာလူမျိုးတွေအပေါ် အမုန်းတရားတွေ သူမရင်ထဲ နှလုံးသားထဲမှာ ကိန်းအောင်းနေသည့်တိုင်အောင် သူမရဲ့ နှုတ်က PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ထောက်ခံအားပေးပါတယ်လို့ ဖွင့်ဟ မပြောမှာ အသေအချာပါပဲ။

ပြည်ဖျက်မီဒီယာများအနေနဲ့ ဒေါ်စုကို ထောင်ထဲ ထည့်ပြီး ဒေါ်စုပြောတဲ့စကားပါလို့ အသုံးချတာမျိုးကတော့ ယုတ်မာရိုင်းစိုင်းလွန်းပါတယ်။ ပြည်ဖျက်မီဒီယာတွေ နဲ့ ထမိန်ခြုံသူရမ်းကားတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေနောက်မှာ လိုက်ပါပြီး နီပိန်းတွေ မိုက်မဲ့ နေကြအုံးမယ်ဆိုရင်ဖြင့် ဘဝနိဂုံး အဆုံးမလှ ဖြစ်ကြရပါလိမ့်အုံးမယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)