MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် အရှင်ပညာဘောဂါဘိပါလ (P.G.D&M.A)သည် သီရိလင်္ကာနိုင်ငံသို့ ပညာတော် သင်သွားရောက်၍ ပြန်လည်ကြွရောက်ခြင်းအတွက် ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများရှိ မိဘပြည်သူ ဒကာ၊ ဒကာမများသည် သာသနာရောင်ဝါ ထွန်းလင်းစေခြင်းအကျိုးငှာ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဘာသာအမွေများ လက်ဆင့်ကမ်းပေးမည့် ဆရာတော်၏ ပညာဂုဏ်ကို ချီးကျူးဂုဏ်ပြုခြင်း၊ ကံထပ်မင်္ဂလာများဆောင်ရွက်ခြင်း၊ တရားပွဲများ စီစဉ်ကာ လှူဖွယ် ဝတ္ထုအစုစုတို့ဖြင့် ကပ်လှူပူဇော်ခြင်း၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းလောင်းအမျှပေးဝေခြင်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့မှ ယနေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ မိုင်းနောင်မြို့ပေါ်(၅)ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူ ဒကာ၊ ဒကာမများနှင့် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ မိသားစုများ၊ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းကာ ဂုဏ်ပြုကြိုဆိုပွဲ စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးနှင့် အဆင်ပြေစေရေးတို့ကို ပူးပေါင်းကူညီ ကုသိုလ်ပါဝင်ကြကြောင်း သိရှိရသည်။
မနန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment