မလှိုင်မြို့နယ် ကံကြီး(မြောက်)ကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပြီး အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်း ချပြရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ် ကံကြီး(မြောက်)ကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပြီး အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်း ချပြရှင်းလင်း




MNP  -   ဇန်နဝါရီ ၂၁          

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးကဲများနှင့် ကံကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ကျော်သူက ဒေသခံပြည်သူများနှင့်လာရောက် တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးကက ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၅)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၂)ခု၊ ဆည်မြောင်းကဏ္ဍ(၂)ခု၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရရှိ‌ရေးကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက်လိုအပ်သည့် လုပ်ငန်း(၅)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့ခိုင်က ဒေသခံပြည်သူများအား ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်( Proportional Representation ) ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ PR စနစ်အကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဒေသခံပြည်သူ (၂ဝဝ)ဦးအနက်မှ (၁၄ဝ)ဦးအားကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose )များထိုးနှံပေးခဲ့ကြောင်း သိရသည်။


အောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)