Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက် ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက် ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်




MNP  -   ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံတွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲကြီးသို့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နာယက ဦးကျင်ဦး၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ဗိုလ်တထောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းလည်း သိရသည်။


အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးကိုတွဲဆိုင်း ၇ ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း၊ ပွဲစဉ် (၁) ၅၄ ကီလို-၅၅ ကီလိုတန်းတွင် အောင်ထက်ဦး(အဖွဲ့ချုပ်)နှင့် ဒေါင်းသဲလေး(ဒေါင်းမြန်မာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်ထက်ဦးက အနိုင်ရရှိခဲ့ကြောင်း၊ ပွဲစဉ်(၂) ၅၄ ကီလို-၅၇ ကီလိုတန်းတွင် နေရိုင်း(အဖွဲ့ချုပ်)နှင့် သန့်ဇင်(အဖွဲ့ချုပ်)တို့ ယှဉ်ပြိုင်ခဲ့ရာ ပူးတွဲသရေဖြစ်ခဲ့ကြောင်း၊ ပွဲစဉ်(၃) ၅၇ ကီလို- ၆၀ ကီလိုတန်းတွင် သွေးလင်းထက်(အဖွဲ့ချုပ်)နှင့် လှလေးစိန်(AMT 2) တို့ယှဉ်ပြိုင်ခဲ့ရာ သွေးလင်းထက်က အနိုင်ရရှိခဲ့ကြောင်း၊ ပွဲစဉ်(၄)  ၅၇ကီလို-၆၀ ကီလိုတန်းတွင် ဟိန်းထွန်းအောင်(အဖွဲ့ချုပ်)နှင့် ရှမ်းတောက်(AMT 2)တို့ ယှဉ်ပြိုင်ရာ ပူးတွဲသရေဖြစ်ခဲ့ကြောင်း၊ ပွဲစဉ်(၅) ၆၇ ကီလိုတန်းတွင် ဇွဲရာမာန်(အဖွဲ့ချုပ်)နှင့် ကိုနိုင်း(ဇာနီသွေး)တို့ ယှဉ်ပြိုင်ကြရာ ပူးတွဲသရေဖြစ်ခဲ့ကြောင်း၊ ပွဲစဉ်(၆) ၆၃.၅ ကီလို- ၆၇ ကီလိုတန်းတွင် အဲမွီ(အဖွဲ့ချုပ်)နှင့် တောက်ရှား(AMT 2)တို့ ယှဉ်ပြိုင်ခဲ့ရာ ပူးတွဲသရေအဖြစ်လည်းကောင်း၊ ပွဲစဉ် ၇ တွင် ၅၇ ကီလိုတန်းတွင် နော်ဥမ္မာစိုး(အဖွဲ့ချုပ်)နှင့် သန်သာညိမ်း(AMT 2)တို့ ယဉ်ပြိုင်ထိုးသတ်ခဲ့ရာ နော်ဥမ္မာစိုးက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


ထို့နောက် Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး၌ ယှဉ်ပြိုင်ထိုးသတ်သူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကိုပေးအပ်ရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရသည်။


ကျော်သူဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)