Rဇာနည် အာမချောင်ဘဲ နေတာကို ကျေးဇူးတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Rဇာနည် အာမချောင်ဘဲ နေတာကို ကျေးဇူးတင်




လူမှုကွန်ရက်စာမျက်နှာတွေမှာ Rဇာနည်တစ်ယောက် ဆူရှီဆိုင်မှာ အလုပ် လုပ်နေရတာကို တင်တဲ့သူက တင်ပြီး နီပိန်းတသိုက်က ဖွင့်ချရပါ့မလားဆိုပြီး ဒေါပွနေကြသတဲ့။ ကိုယ်ရွေးတဲ့လမ်း ကိုယ်လျှောက်ကြတာပါ။ Rဇာနည် အာမချောင်တော့ဘဲ သူ့အလုပ် သူလုပ်နေတာကို ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ အလုပ် ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ ဆိုရိုးပဲ ရှိပါတယ်။ အလုပ်အကိုင်မရှိ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးကမ်းထောက်ပံ့တာကို အများပြည်သူအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက် သုံးနေတာကမှ ရှက်စရာပါ။ Rဇာနည် အခုလို အေးအေးဆေးဆေး ဆူရှီလိပ်နေတာ ရှက်စရာမှ မဟုတ်တာဘဲ။

Rဇာနည် ဆူရှီလိပ်နေရတာကို လူသိမခံစေချင်ဘူး ဆိုရင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rဇာနည် ကို နိုင်ငံတကာအဖွဲ့အစည်းတွေက ရတဲ့ ငွေနဲ့ ထောက်ပံ့ပေးထားပါလား။ သူလည်း အနုပညာအလုပ်တွေ လုပ်နေနိုင်မှာပေါ့။ ကမ္ဘာလှည့်ပြီး အလှူခံငွေတွေ ရနေတဲ့ NUG အဖွဲ့ဝင်တွေက မိမိတို့ကို ဝန်းရံခဲ့တဲ့ အနုပညာရှင်တွေအတွက် ဘာမှ မကူညီ မပံ့ပိုးကြတော့ဘူးလား။ ခင်ဗျားတို့ မိသားစုတွေပဲ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကလေးတွေကို ကျောင်းကောင်းကောင်းမှာထားပြီး ခင်ဗျားတို့ကို ဝန်းရံခဲ့ကြတဲ့ အနုပညာရှင်တွေ၊ CDM ဆရာ/ဆရာမတွေ အပါအဝင် CDM ဝန်ထမ်းတွေကို လှည့်ကြည့်ဖို့တောင် မေ့နေတဲ့အခါကြတော့ လမ်းဘေးရောက်ကုန်ကြတာ စိတ်မကောင်းစရာပါ။

ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုနောက်မှာ လိုက်ပါပြီး မိုက်မဲခဲ့ကြတဲ့ အနုပညာရှင်ဖြစ်စေ၊ အစိုးရဝန်ထမ်းဖြစ်စေ နစက ကတော့ ကိုယ့်နိုင်ငံသားတွေပဲ ဆိုပြီး ညှာတာတယ်။ အခု နီပိန်း အနုပညာရှင်တွေကိုလည်း အနုပညာအလုပ်တွေ လုပ်နိုင်အောင် ကူညီပေးနေတယ်။ CDM ဆရာ/ ဆရာမတွေကိုလည်း ပြန်နေရာပေးတယ်။ အစိုးရတစ်ရပ်လို့ ကိုယ့်ကိုယ်ကို ခံယူရင် ပြည်သူလူထုအပေါ်မှာ မိဘတစ်ယောက်လို စိတ်ထားရမယ်။ NLD အဖွဲ့ဝင် ဝန်ချီးတွေ မသိတာလား၊ အတ္တသိပ်ကြီးလွန်းတာလားကွာ။ 

Rဇာနည် ဆူရှီလိပ်နေရတဲ့အကြောင်း ရေးတင်တဲ့သူကလည်း နီပိန်းပါပဲ။ နီပိန်းတွေရဲ့ သဘာဝအတိုင်း နောက်ဆုံးတော့ တော့ $ အာဏာရူးတွေကြောင့်လို့ အပြစ်ဖို့ပြီး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ နားလည်မှု လွဲမှားနေတာက NLD သာ မဲလိမ်မဲခိုးမှုတွေ မကျူးလွန်ခဲ့ဘူးဆိုရင် တပ်မတော်လည်း အာဏာထိန်းဖို့ မလိုဘူး။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းလိုက်သည့်တိုင်အောင် NLD ဦးဆောင်သူတွေအနေနဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင် မလှုံ့ဆော်ခဲ့ဘူးဆိုရင် တိုင်းပြည်မှာ ယနေ့ကြုံတွေ့နေရတဲ့ အဖြစ်မျိုး ဘယ်ကြုံလိမ့်မလဲ။ သူများကိုပဲ အပြစ်မဖို့ရဘူး။ ကိုယ့်အပြစ်ကိုယ် နားလည်အောင်လည်း ကြိုးစားကြပါ လို့ နီပိန်း နီပိတ်များကို တိုက်တွန်းလိုပါတယ်။

NLD ဦးဆောင်သူတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနဲ့ Rဇာနည်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ကြည့်ကြစို့။ Rဇာနည် သူရဲကောင်းကြီးက NUG အတွက် စစ်မှုထမ်းမယ်လို့တောင် ပြောခဲ့တာလေ။ အခု စစ်မှုမထမ်းဘဲ အမေရိကန်မှာ ဘာလို့ ဆူရှီလိပ်နေတာလဲ။ မင်းတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်ပြီး လုပ်ကြံသတ်ဖြတ်နေတာ PDF တွေ ဘဝနိဂုံး အဆုံးမလှ ဖြစ်ကုန်ကြပြီ။ မင်းကိုနိုင်နဲ့ ထိုင်ပြီး D-Day ကြေညာဖို့ တိုက်တွန်းခဲ့တဲ့ Rဇာနည် D-Day ကြေညာပြီးပြီလေကွာ။ မင်းက ဘာလို့ ပြေးတာလဲ။ 

နီပိန်းတွေ ဗလောင်ဆူလာတော့ Rဇာနည် က အရှက်ပြေ ပြောရတော့တယ်။ ဘာတဲ့ Rဇာနည် ရေးထားတာက ""ဒီလိုအချိန်မှာ ကျနော်တို့အချင်းချင်း စိတ်မဆိုးကြဘဲ ပိုချစ်ချစ်ခင်ခင်နေကြဖို့ပဲ ဖြစ်စေချင်ပါတယ်ဗျာ. ပို့စ်ပိုင်ရှင် bro နဲ့ မိတ်ဆွေတွေရဲ့ စိတ်ခံစားချက်ကိုလည်း ကျေးဇူးတင်  အားနာရတာပါ. အားလုံးဘယ်သူမှ အမုန်းမပွါးကြေး . Peace  နော် " ဆိုပဲ။

Rဇာနည် ရေးသားထားပုံလေးက အေးချမ်းသလိုတောင် ခံစားရပါတယ်ဗျာ။ အစကတည်းကဗျာ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအချင်းချင်းကြား ရန်လိုအမုန်းပွား သတ်ဖြတ်မှုတွေ ဖြစ်အောင် လှုံ့ဆော်မယ့်အစား အခုလို ငြိမ်းချမ်းရေးစကားတွေ ပြောပါလား။ မောင်မင်းကြီးသားများက အဲဒီအချိန်တုန်းကတော့ သူ့တို့အပြင် အာဏာရှင်ကို မုန်းတာ မရှိတော့ဘူး။ သူတို့ကိုယ်တိုင် အာဏာရူးပြီး၊ မထောက်ခံတဲ့သူ မှန်သမျှကို သတ်ဖြတ်ဖို့အထိ လှုံ့ဆော်ခဲ့တဲ့ အာဏာရူး၊ အာဏာရှင် တစ်စု က အာဏာရှင်ကို သောက်ရမ်းမုန်းပြနေကြတာ ကိုယ့်ကိုယ်ကို ကလိမထိုးဘဲနဲ့ထောင် ရယ်ချင်မိတယ်။

နီပိန်း နိုင်ငံရေးလုပ်စားသူများက Rဇာနည် ကို အမေရိကန်ရောက်အောင် ကူညီပေးတာကိုပဲ ကျေးဇူးတင်။ မင်းတို့ကို ဦးဆောင်တဲ့ နိုင်ငံရေးလုပ်စားသူများဟာ သူတို့တွေသာ ရအောင်ပြေးမယ်။ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတို့မိသားစုဝင်တွေပဲ အရခေါ်မယ်။ ဘယ်သူ့မှ လက်တွဲမခေါ်ဘူး။ ဇေယျာသော်နဲ့ တစ်ဖွဲ့တည်းဖြစ်တဲ့ Rဇာနည် မြန်မာပြည်မှာ ရှိစဉ်က သူ့ပါးစပ်က ငြိမ်းချမ်းရေးစကား ထွက်မလာဘူး။ နီပိန်းတွေကြားမှာ အနေမတတ်ရင် ဝိုင်းဖုတ်ကြမှာ ကြောက်လို့သာ ငြိမ်းချမ်းရေးစကားသံထွက်လာတာပါ။ 

သူ့ဟာသူ အေးအေးဆေးဆေး ဆူရှီလိပ်ပြီး သူ့မိသားစုအတွက် လုပ်ကိုင်နေတာကို ဂုဏ်ယူလိုက်ပါ။ တော်ကြာ ပေါက်ကရ ပေါက်ပန်းစေး လိုင်းပေါ်တက်ပြီး အာဖြန်ကွီး လုပ်နေပါအုံမယ်။


ဒေါင်းနင်း

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)