၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်





MNP  -   ဇန်နဝါရီ ၁၃

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2) ပြိုင်ပွဲ ပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြီးခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် မိမိတို့တိုင်းဒေသကြီးမှ “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-1 သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုများရရှိခဲ့ပြီး ဂုဏ်ပြုယာဉ်တတိယဆု ရရှိခဲ့ပါကြောင်း၊ ယခင်ပြိုင်ပွဲဝင်များ၏ အားနည်းချက်အားသာချက်များ၊ ဂုဏ်ပြုယာဉ် အားနည်းချက် အားသားချက်များအား ကြိုတင်ပြင်ဆင်ခဲ့ပြီး အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် Season-2တွင်လည်း ပထမဆုရရှိခဲ့ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု ရရှိခဲ့ခြင်းမှာလည်း အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှု၊ ဇွဲ၊ လုံ့လတို့ဖြင့် ပိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ပြပွဲ၊ ပြိုင်ပွဲများ တွင်လည်း မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်ပြည်လုံး သိရှိအောင် ပြသခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့ခြင်း၊ ယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2)ပြိုင်ပွဲ ပထမဆု ရရှိခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက် ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း” ပြောကြားသည်။ ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆု ရရှိခဲ့သည့် ဂုဏ်ပြုယာဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများအား စီးပွားရေးရာဝန်ကြီးက ရှင်းလင်း တင်ပြခဲ့ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်၏ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေမှု  Video မှတ်တမ်းအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” (Season-2) သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် စိုးထက်အောင်၏ သီဆိုယှဉ်ပြိုင်မှုအား ဆရာကြီးဦးကျော်ကျော်က ပြန်လည်သုံးသပ် တင်ပြခဲ့ပြီး ယှဉ်ပြိုင်မှုမှတ်တမ်း Video အား ပြသခဲ့သည်။


ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားနှင့် ပြပွဲ၊ ပြိုင်ပွဲများတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သူများနှင့် ပါဝင်ဆောင်ရွက်ခဲ့ သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် ပြခန်းနှင့် ခရိုင်အလိုက်သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသည့်ပြခန်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေကပြခဲ့သော အကအဖွဲ့များ၏ နည်းပြများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက် သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ခရိုင်များအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် ပြခန်းတွင် အထူးဆုနှင့် နှစ်သိမ့်ဆုများရရှိခဲ့သည့် ပြခန်းများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကာ  တေးသီများဖြင့်သီဆို၊ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ညစာသုံးဆောင်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)