SIM Cared များမှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ(Talk- Show)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SIM Cared များမှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ(Talk- Show)ပြုလုပ်


MNP  - ဇန်နဝါရီ   ၉.  

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်လူထု အခြေ ပြူ ဗဟိုဌာန၊(Community Centre) ခန်းမ၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တို့ ပူးပေါင်း ၍ SIM Card (ဆင်းကတ်) သုံးစွဲသူပြည်သူများ  အား ဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာ နှင့် ပါတ်သက်၍ ဗဟုသုတရရှိစေရန်  အသိပညာ ပေးဆွေး နွေးပွဲ (Talk-Show)ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။


ဆွေး နွေးပွဲတွင် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ  ဦးစီး အရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဆွေးနွေးပွဲ (Talk-Show) ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ထို့နောက် မြန်မာ့ ဆက်သွယ်ရေး  လုပ်ငန်း မှမြို့နယ်တာဝန်ခံ ဒေါ်နှင်းဆီက. ယခုချိန်မှ စ၍ MPT ဖုန်းသုံးစွဲသူ ပြည်သူ များအား MPTဖုန်း ဆင်းကတ်များ  သုံးစွဲရာတွင် တရားဝင် မှတ်ပုံတင် ရာ၌ မိမိ ၏ အမည်အား မြန်မာ ဘာ သာဖြင့်သာမှတ်ပုံတင်ရမည် ဖြစ်ပြီး မိမိအမည်နှင့် မိမိ၏ နိုင်ငံသား မှတ်ပုံတင် နံပါတ် များ ကိုက်ညီမှု ရှိ/မရှိ ကို *601#call ဖြင့်ဝင်စစ်ကာ  *4040ဖြင့် မိမိဖုန်းတွင် မိမိတို့၏ အမည်မှာ မြန်မာဘာသာဖြင့် မှတ်ပုံ တင်ထား မှု ရှိ/မရှိကို ဝင်ရောက် စစ်ဆေး နိုင်ပြီး အသေးစိတ် အချက် များ သိရှိ လိုပါက နီးစပ်ရာ MPTဖုန်း ဆင်းကတ်အရောင်း ဆိုင် များနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံး Call Centre များတွင် လာရောက် ဆက်သွယ် ဆောင် ရွက် နိုင် ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး ရုံးမှ တာဝန်ခံ ဒေါ် နှင်းဆီ က ဆွေးနွေး ပြောကြား  ခဲ့သည်။


ဂွမြို့နယ်  လူထု အခြေပြု ဗဟိုဌာန (Community-Centre)ခန်းမ တွင်ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ် ၍ လစဥ်ပညာ ပေး ဆွေးနွေးပွဲများ၊ စာအုပ်မိတ်ဆက်ကဏ္ဍများ၊ စာဖတ်ဝိုင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့ပြုလုပ်သော MPTဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာ ပညာပေး ဆွေးနွေး ပွဲ(Talk-Show)အစီအစဥ် ကို We love Gwa Facebook Page တွင် ဝင်ရောက်လေ့လာ ကြည့်ရူနိုင် ကြောင်း သိရ သည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)