ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ( SOP) ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ( SOP) ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်





MNP  -  ဇန်နဝါရီ  ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ( SOP) ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင် ဦးကျော်လင်းဦးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်သည့်သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်းအမှာစကားပြောကြားသည်။


ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက SOP နဲ့ပတ်သက်၍အကျယ်တစ်ဝင့်ချပြရှင်းလင်းခဲ့သည်။


ထို့နောက် အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင် နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဖူးပွင့်ခိုင်  တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပေါင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် Standard Operating Procedure (SOP)ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ကိုအသေးစိတ်ပို့ချခဲ့ ပြီးကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင် (၇၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)