MNP - ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အကြီးတန်းစာရေးဒေါ်သူဇာသန်းကဆွေးနွေးရာတွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ဒိုင်ယာစီပင်ဆေးပြား၊ မော်ဖင်းထိုးဆေးများသည် အန္တရာယ်ရှိသောမူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ကျောင်းသားများ၊ လူငယ်များအနေဖြင့် မသုံးသင့်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်များ၏ ဘဝကိုပျက်စီးစေသောကြောင့် မူးယစ်ဆေးဝါအန္တရာယ်ကို တားဆီးကာကွယ်သင့်ကြောင်းစသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment