ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ


MNP  -  ဇန်နဝါရီ ၁၄

ငဖဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ကလေးအလုပ်သမားများ၏ အသက်အရွယ်မှာ အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၆)နှစ်မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်း စေခြင်းအကြောင်းအရာများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်သည့်ဥပဒေများ၊ လုပ်ငန်းကော်မတီ(၈)ရပ်၊ ကလေး အလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှု အခြေအနေတို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။


ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး Talk Show များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ Online မှတစ်ဆင့် လစဉ်ပုံမှန် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)