ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်



MNP  -   ဇန်နဝါရီ   ၁၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးကျော်ဇင်ဟိန်းက မီး‌ဘေးအန္တရာယ် အ‌ကြောင်းသိကောင်းစရာများ၊မီးဘေးကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊မြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သတ်ပြီးလိုအပ်သည်များကိုဆောင်ရွက်ထားရှိမှု ၊ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ပြည်သူများအနေဖြင့်မီးချိတ်၊မီးကပ်၊သဲပုံး၊ရေပုံးများအပြင် ရေကန်များတွင်ရေဖြည့်ထားကြရန်စသည့်အချက်များကိုလိုက် နာဆောင်ရွက်ပေးခြင်းစသည့် အ‌ကြောင်းအရာများကိုအကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)