ပေါင်မြို့နယ်တွင် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်


MNP  -  ဇန်နဝါရီ   ၁၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် ပေါင်မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် ကခွေးရူးရောဂါသည်ဗိုင်းရပ်ပိုးကြောင့်ဖြစ်ကြောင်း၊ခွေးရူးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် သွေးထဲတွင်မနေဘဲဦးနှောက်တွင်သာရှာဖွေစမ်းသပ်နိုင်ကြောင်း၊ခွေးရူးရောဂါကူးစက်ခံရသူသည်  လေတိုက်မခံနိုင်ခြင်း၊ရေကြောက်ခြင်း ၊သွားရေကျခြင်းစသည့်လက္ခဏာများ၊ခွေးရူးပြန်ရောဂါမဖြစ်ပွားအောင် ခွေးကိုက်သည်နှင့်နှစ်ဆယ့်လေးနာရီအတွင်းကာကွယ်ဆေးထိုးလျင်ခွေးရူးရောဂါမှကာကွယ်နိုင်ကြောင်း စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)