ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (၇၅ )နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (၇၅ )နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်


MNP  -   ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး(၇၅ )နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပသည်။

 အဆိုပါ (Talk Show)တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ​ဒေါ်တင်တင်စိန် ကလွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရေးဦးစီးဌာန၊ ဝါးလမ်းကုန်းအလက(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်းက  မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံသားများတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားစိတ်ဓာတ်ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေး  စသည့်အကြောင်းအရာများကို ဆွေးနွေး​ပြောကြားသည်။


 ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ရုံးနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပသည့် (၇၅ )နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံကို ပေါက်တောမြို့နယ်ပြည့်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)