မဘိမ်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၂၀         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေး နွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးက မီးသတ်ဦးစီးဌာနသည် မီးသတိမူရေး၊ မီးငြှိမ်းသတ်ရေး၊ မီး ဘေးကြိုတင်ကာကွယ်ရေးအပြင် ပြည်သူလူထုကိုကယ်ဆယ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကိုပါ ပူးတွဲပါဝင်ဆောင်ရွက်ရသော အဖွဲ့ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် သင့်(၄)သင့်ဆိုသော ဆောင်ပုဒ်နှင့်အညီ လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ဖြစ်အောင် ဆောင်ရွက်ထား ပါကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးလောင်မှုအမျိုးအစားပေါ်မူတည်၍ အမြန်ဆုံးငြှိမ်းသတ်နိုင် မည့် မီးသတ်နည်းလမ်းများကိုအသုံးပြုပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း မီးဘေးအန္တရာယ် တစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေ ရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မျိုးမင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)