ခရမ်းမြို့တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အရေပြားလေးဘက်နာ ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အရေပြားလေးဘက်နာ ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အရေပြားလေးဘက်နာရောဂါအကြောင်း အသိပညာပေး(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက   ပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ အရေပြားလေးဘက်နာ ရောဂါအကြောင်း၊ ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ ပြည်သူအများသိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ကြုံတွေ့ရမည့်အခက်အခဲများကို ကြိုတင်သိရှိပြီး ကာကွယ်ကုသနိုင်ရေးအတွက် အသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)