ဘီးလင်းမြို့နယ်တွင် စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် စားသုံးသူဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်


MNP  -    ဇန်နဝါရီ    ၂၄

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   စားသုံးသူ​ရေးရာဦးစီး  ဌာန တို့ ပူးပေါင်း၍ ဇန်နဝါရီ (၂၄)ရက် နံနက် (၁၀)နာရီက စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။


 ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ် ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူးဒေါ်ဇင်ဖြူဝင်း က စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူများနစ်နာမှု ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ဌာနမှ ဖြေရှင်းပေးမှုအ​ခြေအနေ ကို လည်းကောင်း၊ ၊အကြီးတန်းစာရေး နော်အေးမို့မို့က  ထုတ်ကုန်လုံခြုံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များ ၊ တား​မြစ်ချက်များကို လိုက်နာမှုမရှိပါကဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်များ ကို လည်းကောင်း  ဆွေးနွေးခဲ့ကြ သည်။


ဘီးလင်းမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခု ကဲ့သို့ အသိပညာပေး Talk Show  ဆွေးနွေး ပွဲအစီအစဉ် များ ရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် စာသင်ကျောင်းများနှင့် ပြည်သူ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)