ကန့်ဘလူမြို့ လူထူအခြေပြုဗဟိုဌာန၌ ဂေဟစနစ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ လူထူအခြေပြုဗဟိုဌာန၌ ဂေဟစနစ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဂေဟစနစ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဥ်ကို ဇန်နဝါရီ ၂၆ ရက်မွန်းလွဲ ၃ နာရီက လူထုအခြေဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး Talk Show အစီးအစဥ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ဂေဟစနစ်အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအောင်က ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ်နှင့်ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲ နေသော သဘာဝပတ်ဝန်းကျင်ကို ဆိုလိုကြောင်း၊ ဂေဟစနစ်အမျိုးအစားများ၊ ဂေဟစနစ်ဝန် ဆောင်မှု (၄)မျိုး၊ ဂေဟစနစ်ပျက်စီးရခြင်း အကြောင်းအရင်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ပတ်သက်၍ လူသားများ လိုက်နာစောင့်ထိန်းသင့်သော တာဝန်ဝတ္တရားများအ ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)