ကော့မှူး၌ လူငယ်နှင့်စာရိတ္တအသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူး၌ လူငယ်နှင့်စာရိတ္တအသိပညာပေး Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃နာရီက လူငယ်နှင့်စာရိတ္တအကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် အထက်တန်းပြဆရာမ(ငြိမ်း) ဒေါ်ခင်ထွေးရီက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စာရိတ္တနှစ်မျိုးရှိကြောင်း၊ သီလကိုစာရိတ္တသီလဟုခေါ်ကြောင်း၊ လူ၏တန်ဖိုးအမှန်သည် ဥစ္စာရွှေငွေအပေါ်မှာ မူတည်မှုမရှိဘဲ လူ၏တန်ဖိုးသည် စာရိတ္တကောင်းခြင်းဖြစ်ကြောင်း၊ လူငယ်များသည် စာရိတ္တကောင်း၏ အခြေခံများကိုသိရှိနားလည်ရမည်ဖြစ်ကြောင်း၊ စာရိတ္တကောင်း၏ အခြေခံများမှာ ကျောင်းမှန်မှန်တက်ခြင်း၊ စာမှန်မှန်ကျက်ခြင်း၊ ဆရာ/ ‌ဆရာမများ သင်ကြားပေးသော စာများဆုံးမပဲပြင်ပေးသော စကားများကို မှတ်သားနားထောင်ရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် အများသူငှာနှစ်လိုဖွယ်ဖြစ်အောင် ချစ်ခင်အောင်ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများ လိုက်နာတတ်သူထိန်းသိမ်းတတ်သူများဖြစ်အောင် ကြိုးစားကြပါရန်ပြောကြားခဲ့ကြောင်း သိရသည်။


ကျော်သူရ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)