MNP - ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြည်သူ များ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရေစကြိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကလေးအလုပ်သမားနှင့်ပတ်သက်ပြီး ကလေးအလုပ်သမားများကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းအဓိပ္ပါယ်၊ ပြဌာန်းထားသည့် ဥပဒေအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ (၈)ရပ်၊ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက်(၆)ချက်၊ စီမံချက် တိုင်းဒေသကြီး၊ ပြည်နယ်(၅)ခုတို့တွင် ကလေးအလုပ်သမားများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နိုင်သည့် သတ်မှတ်ထားသည့် အသက်အရွွယ် စသည့် ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာများကို မေးမြန်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပ ညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်လုလင်
https://t.me/MyanmarNationalPost
No comments:
Post a Comment