ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်


MNP  -  ဇန်နဝါရီ   ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် သထုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဆိုသည့်အကြောင်းအရာများ၊ရာသီအလိုက်ဖြစ်ပွားတတ်သည့်သဘာဝဘေးအန္တရာယ်အကြောင်း အရာများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီးနောက် မိမိတို့ဌာနအနေဖြင့်အချိန်မီထောက်ပံ့ရေးလုပ်ငန်းတွေကိုပြုလုပ်ပေးသည့်လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းစသည့် အ‌ကြောင်းအရာများကိုအကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)