USDP ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့(၂၉)ဖွဲ့နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့(၂၉)ဖွဲ့နှင့် တွေ့ဆုံ







MNP ၊ ဇန်နဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့နံနက်ပိုင်းက ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံခဲ့၍ မိမိတို့ အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့် မည်သည့်ကိစ္စမဆို တတ်နိုင်သရွေ့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ဦးခင်ရီ က “ မိမိတို့ပါတီအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ကို ဖွဲစည်းပြီး အသွင်သစ်ဆက်ဆံရေးအား ဦးတည်အကောင်အထည်ဖော်ဆောင်နေသည့်ကိစ္စ၊ ဒေသဖွံဖြိုးရေးနှင့် လူမှုကူညီရေးကိစ္စများတွင်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနေမှု ကိစ္စများအပြင် မိမိတို့ပါတီ၏ မူဝါဒလမ်းစဉ်များနှင့် နိုင်ငံတော်၏ လက်ရှိဖြစ်ရပ်မှန် အခြေအနေများ”အား ထပ်ဆင့်ပြောကြားနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက မိမိတို့ပါတီမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလိုသည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ပြောကြားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများကို ထပ်မံ ရှင်းလင်းပြောကြားခဲ့ပြီး Three Seasons Foundation ဥက္ကဋ္ဌမှ Foundation ဖြစ်ပေါ်လာမှု၊ ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို တက်ရောက်လာသော လူမှုကူညီရေးအသင်းအဖွဲ့ ခေါင်းဆောင်များအား မိတ်ဆက်ပေးခဲ့ကာ တစ်ဦးချင်း၏ အခန်းကဏ္ဍများအား ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပါတီဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားရာ “ လားရာ ရည်မှန်းချက်ချင်း တူညီသော ပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် စုံညီစွာတွေ့ရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ကျေးဇူးလည်းတင်ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးနိုင်သည့် မည်သည့်ကိစ္စမဆို တတ်နိုင်သရွေ့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ပါတီဗဟိုအဆင့်ထိပါ အမြဲတမ်းချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရမည့် လူပုဂ္ဂိုလ်များလည်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း” နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအကူအညီပေးရေး အသင်းအဖွဲ့(၂၉)ဖွဲ့မှ  စုစုပေါင်း (၂၃၅)ဦး တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)