စဉ့်ကူးမြို့နယ်တွင် ​ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာလေးရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ​ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာလေးရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ



MNP  -    ​​ဇန်နဝါရီ      ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား မူလကျေးရွာ (၄)ရွာအပြင် ထပ်တိုးဆောင်ရွက်မည့် ကျေးရွာ(၄)ရွာအတွက်  ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး က စီမံကိန်း လုပ်ငန်းများလုပ်ဆောင်ရာတွင် ကျေးရွာစိတ်ဓာတ်ကို အခြေခံ၍ဆောင်ရွက်ရန်နှင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အခါ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း စောင့်ရှောက် သွားကြရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ​ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထပ်တိုးဆောင်ရွက်မည့်  စားကျက်ကြီးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဆည်သည်တောင်ကျေးရွာနှင့် ထီးကုန်းကျေးရွာတို့မှ ကျေးရွာကော်မတီများ လက်ဝယ်သို့ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀၀)စီအား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)