မက်မန်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၅)ရွာ၏ လုပ်ငန်း ၁၀၀% ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၅)ရွာ၏ လုပ်ငန်း ၁၀၀% ဆောင်ရွက်ပြီးစီး




MNP   -   ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း( VDP) အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ကျေးရွာ(၅) ရွာအား လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မက်မန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သန်း (၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၁၉.၅၆၆)ဖြင့် အောင်သံလွင်ကျေးရွာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဝမ်ပုံကျေးရွာ၊ နမ့်တော်ကျေးရွာ၊ ပန်ဖိန်းကျေးရွာနှင့် ဖာဆေးကျေးရွာတို့်တွင် ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် ကျေးရွာများအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ လုပ်ငန်းများ လွှဲပြောင်းအပ်နှံပြီးပါက လုပ်ငန်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ပန်းကျင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)