တနင်္သာရီမြို့ပေါ်ရပ်ကွက်အတွင်း(Warking Group) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့ပေါ်ရပ်ကွက်အတွင်း(Warking Group) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစတင်ဆောင်ရွက်




MNP  -  ဇန်နဝါရီ  ၉      

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  မြို့ပေါ်ရပ်ကွက်ဖြစ်သော ချောင်းကြီးရပ်ကွက်အတွင်း လမ်းအလိုက်နေအိမ်များသို့ ယန့နံနက် ၉ နာရီမှစ၍ (Warking Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


၎င်းကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းကို လက်ရှိမြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်(Warking Group)မြေ ပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှကြီးကြပ်လျက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သန္ဓေမီးသတ်နှင့်အရန်မီးသတ်တပ်ဖွဲဝင်များ၊ NGOအဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာများ၊ ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ယနေ့တွင် ချောင်းကြီးရပ်ကွက်- မင်္ဂလာကြီး(၁)လမ်း၊(၂)လမ်း၊(၃)လမ်း၊ သီရိ လမ်း၊ ဗိုလ်တဲလမ်း၊ ရှင်မအောင်သာလမ်း၊ မာန်လည်လမ်း၊ ဗလလမ်းတို့မှ လက်ရှိမြေပြင် အိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ချောင်းကြီးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၈၈၄)စုကို ပြီးစီးသည်အထိ တစ်အိမ်တက်တစ်အိမ်ဆင်း၍ စာရင်း ကောက် ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းသို့ ‌လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် ပြင်ဆင်/ဖြည့်စွက်ခြင်း/ပယ်ဖျက်ခြင်း၊ အမည်ကွဲလွဲနေခြင်း၊ မွေးသက္ကရာဇ်ကွဲလွဲနေ ခြင်း၊ နိုင်နံပါတ်ကွဲလွဲခြင်း၊ သေဆုံးပယ်ဖျက်ခြင်း၊ ပြောင်းထွက်ပယ်ဖျက်ခြင်း၊ မြေပြင်မှာ နေထိုင်ခြင်းမရှိသူများအား ပယ်ဖျက်ခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကို သီးခြားစာရင်းကောက်ယူခြင်း၊ သက်ကြီးမွေးတိုး(လူကျန်)များကို ပုံစံအလွတ်ဖြင့်ရေးသွင်းခြင်း၊ (ကိုယ်ခန္ဓာ/အမြင်/အကြား/ဥာဏ်ရည်/စိတ်ပိုင်းဆိုင်ရာ)မသန်စွမ်းသူ စာ ရင်းခွဲခြားကောက်ယူခြင်း.စသဖြင့်ကွင်းဆင်း ကောက်ယူပေးနေကြောင်း မြို့နယ်(လဝက)မှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)