ရန်ကင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်




MNP  -  ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေ ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ (Working Group) မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ကောက်ကွက်အလိုက် ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရန်ကင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်ရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက  အိမ်ထောင် စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ကြ သည်။


ရန်ကင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်(၁၅)ရပ် ကွက်ရှိ စာရင်းကောက်ယူရေးအဖွဲ့များက ကောက်ကွက်များအလိုက် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်စာရေးများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များတွင် အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်း ပုံစံများဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


အိရွှေစင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)