စဉ့်ကူးမြို့တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP  - ဇန်နဝါရီ ၁၈

စဉ့်ကူးမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အခက်အခဲများ ရှိပါက တင်ပြကြရန် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသော်တာထွန်း က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးရွှေဝင်းက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့ဝင်များမှ အချက်အလက်များ မှန်ကန်စွာ ကောက်ယူနိုင်ရေးနှင့် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)