MNP - ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးမြို့နယ်အဆင့် Working Group အဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိ မြို့နယ် ရာဇသိင်္ဂဟအိမ်ရာအမှတ်(၁) ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံး ပြီးမြောက် အောင်မြင်စေရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ နေပြည်တော်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန ဒုတိယတိုင်း ဉီးစီးမှူးဦးသိန်းမြင့်၊ ဇေယျာသီရိခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရာဇသိင်္ဂဟအိမ်ရာအမှတ်(၁) အတွင်းရှိ အိမ်ထောင်စုများမှ လူတစ်ဦးချင်း စီ၏ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅) မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုရှိုင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment