ကသာခရိုင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာခရိုင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 


MNP -  ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကသာခရိုင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ခရိုင်အတွင်းရှိမြို့နယ်များ၏ မြေပြင် ကွင်းဆင်းလူဦးရေစာရင်းကောက်ယူမည့် ကော်မတီအဖွဲ့ဝင်များအား လုံခြုံရေးကိုအဓိကထားပြီး လူဦးရေစာရင်းများကို တိကျမှန်ကန်စေရန် စနစ်တကျ မှတ်တမ်းကောက်ယူရန်၊ မိမိတို့ကောက်ယူခဲ့သော စာရင်းများအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်ဆောင်ရွက်ကြရန်၊ မိမိတို့လုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် ဆင်ခြင်တုံတရားဖြင့် သုံးသပ်လုပ်ကိုင်ဆောင်ရွက်ရန်၊ လိုအပ်မှုများရှိပါက ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီထံ တင်ပြရန်တို့ကို ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်က မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်ညှိနှိုင်း ဆက်စပ်ဆောင်ရွက်ပေးမှုများကိုလည်းကောင်း၊ ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ကောက်ယူရမည့်စာရင်းပုံစံများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က မသန်းစွမ်း(၅)မျိုးအကြောင်းနှင့် မသန်စွမ်းစာရင်း ကောက်ယူမှုဆိုင်ရာများကိုလည်းကောင်း Power Point ဖြင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် ကသာမြို့နယ် (Working Group)  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးထက်ဝင်းက ကသာမြို့နယ်အတွင်း အဖွဲ့(၁၄)ဖွဲ့ခွဲ၍ စာရင်းကောက်ယူမည့် အခြေအနေများကို တင်ပြဆွေးနွေးပြီး မြို့နယ်လဝကဦးစီးမှူး ဦးအောင်‌ဇော်က ဖြည့်စွက်တင်ပြခဲ့သည်။ ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်က ဆောင်ရွက်ထားရှိမည့် လုံခြုံရေးအစီအမံများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ အဆိုပါဆွေးနွေးမှုများအပေါ် ခရိုင်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြသည်။


ထို့နောက် ကသာခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဖွဲ့ဝင်များ၏စာရင်း ကောက်ယူရေးဆိုင်ရာ တိကျမှန်ကန်မှုရှိရေး၊ လုံခြုံရေးနှင့် လုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့် ပတ်သက်သည့် ငွေကြေးသုံးစွဲမှုများကို မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးတို့အား မှာကြားခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အဆင့်/ မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)