ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်း၌ Aerobic & Fitness Dance သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်း၌ Aerobic & Fitness Dance သင်တန်းဆင်းပွဲကျင်းပ




MNP   -   ဖေဖော်ဝါရီ  ၈

၂၀၂၃ ခုနှစ်၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင်  ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက  သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်းက Aerobic & Fitness Dance သင်ကြားပေးခဲ့သော သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းကျောင်းသူလေးများအား သင်တန်းဆင်းလက်မှတ်များ  ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းကျောင်းသူလေးများမှ Aerobic & Fitness Dance  သရုပ်ပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြ‌သော တာဝန်ရှိသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်း၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်နု၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်ဝင်းနှင့် ဆရာမများ၊ သင်တန်းနည်းပြဆရာမနှင့် ကျောင်းသူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)