အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကျင်းပ





MNP   -    ဖေဖော်ဝါရီ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) ၏ ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတစ်ရပ်ကို ဖေဖော်ဝါရီ(၅)ရက်နံနက် (၉)နာရီခွဲက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ခန်းမ၌ကျင်းပသည်။


အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို အပိုင်း(၅)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဋ္ဌက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဋ္ဌက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်နှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ A.G.T.I ဒီပလိုမာလက်မှတ်များကိုအပ်နှင်းခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးက ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် A.G.T.I (တတိယနှစ်) စာမေးပွဲကို အောင်မြင်ခဲ့ကြသူများအား ဒီပလိုမာလက်မှတ်များကို ချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)အနေဖြင့် နည်းပညာနှင့်သက်မွေးပညာကျွမ်းကျင်သော လူငယ်လူရွယ်များ၊ ကျွမ်းကျင်လုပ်သားများ၊ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများ ခေတ်ပညာ တတ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ A.G.T.I ဒီပလိုမာလက်မှတ်များ ပေးအပ်ချီးမြှင့်ခံရသူများအနေဖြင့် ဤသိပ္ပံမှစာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများအပေါ် အခြေခံ၍မိမိကျင်လည်ကြမည့် လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်မှုဆွတ်ခူးနိုင်အောင် ကြိုးစားကြစေ လိုကြောင်း အမှာစကားပြောကြားသည်။


အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတွင် ၂၀၂၁-ခုနှစ် ဇူလိုင်လတွင် A.G.T.I ဒီပလိုမာ(မြို့ပြအင်ဂျင်နီယာ) အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ ၂၀၂၁-ခုနှစ် ဇူလိုင်လတွင် A.G.T.I ဒီပလိုမာ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး စုစုပေါင်း(၃၈)ဦးတို့အား A.G.T.I ဒီပလိုမာ လက်မှတ်များအပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)