စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူများသို့ APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုးရီးယားသမ္မတနိုင်ငံတို့မှလှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူများသို့ APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုးရီးယားသမ္မတနိုင်ငံတို့မှလှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်း




MNP   -    ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူများသို့ APTERR Tier-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုးရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အရန်ဆန်နှင့်ဆက်စပ် ပစ္စည်းများ၏ ချက်ပြုတ်ပုံ၊ ဖျော်စပ်ပုံ အဆင့်ဆင့်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို လက်တွေ့ ပြသဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တက်ရောက်လာသည့် ပြည်သူများအနေဖြင့်လည်း လက်တွေ့စားသုံး၍ ရရှိလာသည့်အရသာ အခြေအနေများကို အမှန်တစ်ကယ် စစ်တမ်း ကောက်ယူသွားမှာဖြစ်တဲ့အတွက် မှန်ကန်စွာဖြင့် ပြန်လည်ဆွေးနွေးပေးကြဖို့လိုကြောင်း စသည်ဖြင့် ပြောကြားကာ အဖွဲ့ခေါင်းဆောင်များက လက်တွေ့သရုပ်ပြ ချက်ပြုတ်ကြပြီး စားသုံးစေရာ ပြည်သူများက အခြေအနေမှန်များကို ပြန်လည်ဆွေးနွေး ပေးခဲ့ကြသည်။


ဆက်လက်၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် တာဝန်ရှိသူများက မြင်းမူမြို့နယ် ပြည်သူများသို့ အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်အရောက် ထပ် ဆင့်လှူဒါန်းပေးခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)