ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး





MNP    -  ဖေဖော်ဝါရီ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက် ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယနေ့  နံနက် ၉ နာရီ အချိန် က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးကျော် ဦး ဆောင်၍ တပ်ဖွဲ့ဝင်များက ကညင်တန်းရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ် အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အ သက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို  စနစ်တကျအသုံးပြုစေရေး ၊လျှပ်စစ်မီးသုံးစွဲသူများ အနေဖြင့် မိမိတို့ နေအိမ်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေး ကောင်း မွန် သော  အမျိုးအစားများ သုံးစွဲကြပါရန် နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီး ကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း  နှင့် မတော်တဆ မီးလောင် မှုဖြစ်ပွားပါကလည်း မြို့နယ် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက် သွယ် ဆောင်ရွက်ပေးကြရန်  စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြား ခဲ့ကြကြောင်း သိရ သည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)