မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

10

11


MNP  -  ဖေဖော်ဝါရီ ၁၅

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား Auditorium ခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့်ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ က “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုကနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နိုင်ငံတော် အဆင့် ရွှေတံဆိပ်ဆုရ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း များကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် MRTV အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့်ပြည်သူများအကြား ခိုင်မာသည့်ပေါင်းကူးတံတားသဖွယ် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံ့အကျိုး၊ နိုင်ငံသားများအကျိုးအတွက် စိတ်ကောင်းစေတနာအပြည့်၊ ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိကြသည့် ဝန်ထမ်း ၄၃ ဦး ကိုယ်စား ဝန်ထမ်းတစ်ဦးကိုလည်းကောင်း၊ ပြည်တွင်း ပြည်ပ သင်တန်းများတွင် ပထမဆုရရှိခဲ့ ကြသည့် ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲတင့်က အစီအစဉ် ထုတ်လွှင့်ထူးချွန်ဆု ရရှိကြသူများကို လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သတင်းတည်းဖြတ်ထုတ်လွှင့်မှု၊ သတင်းတင်ဆက်မှု ထူးချွန်ဆု၊ စက်မှုဆိုင်ရာထူးချွန်ဆုနှင့် ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ ထူးချွန်ဆုရရှိ ကြသူများကိုလည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုနှင့်အဆောင်နှင့် အိမ်ထောင်သည်လိုင်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများ သန့်ရှင်း သာယာလှပရေးဆောင်ရွက်မှု ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းဟောင်း များက (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ ပေးအပ်သည်။


ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။


ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို အဆိုပါရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် တွဲဖက်၍စံတော်ချိန်တီးလုံးဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးတို့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ကံစမ်းမဲဖောက်၍ ဆုများချီးမြှင့် ပေးကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီးများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဆုငွေများကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ထံ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံ့ဝန်ထမ်းလုပ်သက် ၃၇ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် မြန်မာ့ဆိုင်းဝိုင်းကြီးတို့တွဲဖက်၍ အနုပညာရှင်များ၊ တေးသံရှင်များ နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများ၏ တေးသီချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက် မှုများကို ကြည့်ရှုအားပေးကြသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages