ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်



MNP  -  ဖေဖော်ဝါရီ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ဝန်ထမ်းအိမ်ရာ ၁၈၂ လုံး အိမ်ခန်းပေါင်း ၆၇၄ ခန်း၊ အငှါးအိမ်ရာ ၇၆ လုံးအိမ်ခန်းပေါင်း ၁၄၂ ခန်း၊ အရောင်းအိမ်ရာ ၃ လုံး အိမ်ခန်းပေါင်း ၄၈ ခန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကျင်းပသည့် လှိုင်းဘွဲဝန်ထမ်း အိမ်ရာဖွင့်ပွဲမှ သိရသည်။


လှိုင်းဘွဲဝန်ထမ်းအိမ်ရာသည် အိမ်ခန်း ၁၆ ခန်းပါဝင်သော လေးခန်းတွဲလေးထပ်အဆောက်အဦးဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၌ အောင်စည်တော်ကုမ္ပဏီမှ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၄၆၂၃)သိန်း ကျော်ဖြင့် တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့်အတွက် ယနေ့ဖွင့်လှစ်ခြင်းဖြစ်သည်။


ဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းများသည်လည်း အရေးကြီးသည့်အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာများကိုတည်ဆောက်ပေးလျက်ရှိကြောင်း၊ မြေနေရာ ရရှိမှုနှင့်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှိုင်းဘွဲဝန်ထမ်းအိမ်ရာအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲဝန်ထမ်းအိမ်ရာဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးကာ ဝန်ထမ်းအိမ်ရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ကရင်ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ် ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် ၄ လုံး အခန်းပေါင်း ၆၄ ခန်းကို တင်ဒါခေါ်ယူ တည်ဆောက်ခဲ့ရာ ယခုအခါဝန်ထမ်းအိမ်ရာ  ၃ လုံး အခန်းပေါင်း ၃၆ ခန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် မြဝတီမြို့မှ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦကိုလည်း မကြာမီဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)