စဉ့်ကူးမြို့နယ် မြသီတာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် မြသီတာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


MNP  -    ဖေဖော်ဝါရီ    ၁၀ 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြသီတာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့​သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်အေးအေးထူး နှင့် စီမံကိန်းဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံ၍ မြသီတာကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း စသည့် တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးလုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်မှုရှိ/မရှိ၊ ငွေစာရင်းပုံစံများစနစ်တကျရေးသွင်းခြင်းရှိ/မရှိ နှင့်စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှုရှိ/မရှိ စသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


မြသီတာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်က ငွေကျပ်သိန်း ၃၀၀ ဖြင့်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဒုတိယ)နှစ် စက်ဝန်းအဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၄)ဦးအတွက် ငွေကျပ် ၁၈၁၅၀၀၀၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၆)ဦး အတွက် ငွေကျပ် ၇၄၅၀၀၀၀၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄)ဦးအတွက် ငွေကျပ် ၂၅၅၀၀၀၀၊ အသက်မွေးလုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦးအတွက် ငွေကျပ် ၃၄၀၀၀၀၀ ၊ စုစုပေါင်း အသင်းသားအသင်းသူ  (၇၅)ဦးတို့အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၃၁၅၅၀၀၀၀ ကို ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်အေးအေးထူး ထံမှ သိရသည်။


တင်ဇာလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)