အမျိုးသားရေး သင်ခန်းစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားရေး သင်ခန်းစာ




အမျိုးသားရေးလှုပ်ရှားမှုဆိုတာ ၂၀၁၀ မတိုင်ခင်က မရှိခဲ့ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘာသာရေးအားသန်သူကလည်း ဘာသာရေးလုပ်တယ်။ နိုင်ငံရေးအားသန်သူကလည်း နိုင်ငံရေးလုပ်တယ်။ အမျိုးသားရေးခေါင်းစဉ်တပ်ပြီး လုပ်တာမျိုး ကျွန်တော်တို့ ကျောင်းမပြီးခင်အချိန်အထိ မကြားခဲ့ရပါဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ အသိထဲမှာ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီက ကိုယ့်တိုင်းရင်းသားညီအစ်ကိုတွေကို စော်ကားလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးအသိစိတ်တွေ ပြန်လည်နိုးကြားလာခဲ့ခြင်း ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ မြန်မာနိုင်ငံရေး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့အတူ ဒွန်တွဲပါလာတဲ့ ပြဿနာကလည်း လူမျိုးလိမ်ပြဿနာပဲ ဖြစ်ပါတယ်။ ရှေးယခင်က ပြည်ဖျက်မီဒီယာများနဲ့ နိုင်ငံရေးလုပ်စားသူများဟာ တပ်မတော်အစိုးရကို ဖောင်းထုနေရုံနဲ့ ပြည်ပနိုင်ငံတွေဆီက အထောက်အပံ့တွေ ရပါတယ်။ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာတဲ့အခါကြတော့ အစိုးရကို ဖောင်းထုတဲ့အလုပ်ဟာ ယုတ္တိမရှိတော့ဘူး။ ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့အနေနဲ့က ဘင်္ဂလီတွေကို မြန်မာနိုင်ငံအတွင်းမှာ လက်ခံပေးဖို့ တပ်မတော်ခေါင်းဆောင်များကို ချည်းကပ်လို့ မရတဲ့အခြေအနေမှာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေလက်ထဲ ငွေပုံပေးပြီး ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးရေး စဉ်ဆက်မပြတ် လှုပ်ရှားလာတာ ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။

အမျိုးသားရေးလှုပ်ရှားသူ လူကြီး၊ လူရွယ်အားလုံးမှာ ဒီပြဿနာကို သိထားကြတယ်။ တချို့သော ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေနဲ့ အမျိုးသားရေးအသိစိတ်ဓာတ် ခမ်းခြောက်နေသူတွေမှာ လူမျိုးလိမ်ပြဿနာကို အန္တရာယ်လို့ မသိကြဘူး။

NLD အစိုးရလက်ထက်မှာ အမေရိကန်သံရုံးက ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်နာမည်သုံးပြီး ထုတ်ပြန်ကြေညာတာမျိုး လုပ်လာတော့ ဆရာတော်ဦးပါမောက္ခ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသားရေးလှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြတယ်။ အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုမှာ ဆရာတော်များ ဟောပြောမိန့်ကြားချက်၊ အမျိုးသားရေးလှုပ်ရှားသူများရဲ့ ဟောပြောမှုတွေမှာ အမေရိကန်သံရုံးအနေနဲ့ မြန်မာ့သမိုင်းကို မှန်ကန်စွာ လေ့လာပြီး ဘင်္ဂလီကို ဘင်္ဂလီလို့ ရေးသားထုတ်ပြန်ဖို့ အဓိက ပြောဆိုခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

အမေရိကန်သံရုံးရှေ့မှာ လူမျိုးလိမ်သုံးစွဲမှုကို ဆန့်ကျင်ဆန္ဒပြကန့်ကွက်တာနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးတာဝန်ရှိသူက ဒေါ်စုထံသွားပြီး အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ သိရတယ်။ အဲဒီလို တောင်းဆိုတယ်ဆိုရင်ပဲ အမေရိကန်ရဲ့ သြဇာခံ NLD အစိုးရက ဆရာတော်သံဃာတော်များနဲ့ ကျွန်တော်တို့ကို တရားစွဲဆိုဖို့ ဖိအားပေးပါတော့တယ်။ ရဲတပ်ဖွဲ့ထဲက တချို့သောအရာရှိများက ငြိမ်းစုစီနဲ့သာ တရားစွဲဆိုလို့ရမယ်လို့ တင်ပြကြပြီး လူရမ်းကား ဖြိုးမင်းသိန်းက ၅၀၅(ခ) နဲ့ တရားစွဲဆိုဖို့ ဖိအားပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၅၀၅(ခ) နဲ့ တရားစွဲဖို့ ငြင်းဆန်တဲ့အတွက် ထွေအုပ်ကို တရားစွဲဆိုခိုင်းပါတယ်။ အဲဒီမှာ သင်ခန်းစာ တစ်ခုရခဲ့တာက အဲဒီအချိန် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရုတ်စပ်လို့ သူ့ကိုယ်သူ တရားခွင်မှာ ပြောပါတယ်။ ဆရာတော်ဦးပါမောက္ခက ဆရာတော်သံဃာတော်များကို သံဃနာယက ခွင့်ပြုချက်မရဘဲ တရားစွဲခွင့်မရှိဘူး။ ဝိနိစ္ဆယပါ သံဃာတော်များကို အရပ်ဖက်တရားရုံးတွင် တရားစွဲဆိုရမည့် သတ်မှတ်ချက်နဲ့ ငြိစွန်းခြင်းမရှိတဲ့အတွက် တရားစွဲခွင့် မရှိဘူးဆိုတာ သိပါသလား လို့ တရားလို အထွေထွေအုပ်ချုပ်ရေးမှူးကို မေးတဲ့အခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး က "ကျွန်တော်ဟာ တရုတ်စပ်ဖြစ်လို့ ဘာသာရေးကို သိပ်မသိပါဘူး။" တဲ့။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အဲဒီလို လူမျိုးတွေ ဘယ်လောက်တောင် များနေမလဲတော့မသိပါဘူး။ အဲဒီလူတွေဟာ ဘယ်တော့မှ မပြုတ်ဘူး။ ပင်စင်မယူသ၍ တမြို့ပြီး တစ်မြို့ လှည့်လည်တာဝန်ထမ်းဆောင်နေကြမယ့်သူတွေ ဖြစ်တယ်။ ပြည်သူအများကို အုပ်ချုပ်တဲ့ နေရာမှာ တိုင်းရင်းသားပြည်သူအများစု ကိုးကွယ်ရာ ဘာသာ သာသနာကို ပျက်ရယ်ပြု စော်ကားမယ့် ပုဂ္ဂိုလ်တွေ ရှိနေတယ်။

အမေရိကန်ရဲ့ သြဇာခံ NLD အစိုးရ လက်ထက်ဖြစ်လေတော့ တရားစီရင်ရေးကလည်း NLD အလိုကျ လုပ်ပေးရပါတယ်။ တရားသူကြီးကိုယ်တိုင် က လက်မှတ်အတုတွေ ထိုးပြီးတော့ ကျွန်တော်တို့ကို ၅၀၅(ခ) နဲ့ ဥပဒေနဲ့ ညီညီ၊ မညီညီ ထောင်ထဲ တွန်းထိုးထည့်တယ်ပေါ့ဗျာ။ မြန်မာ့တရားစီရင်ရေးဆိုတာ စစ်ဆေးပေါ်ပေါက်ချက်အပေါ် ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ရတဲ့ ဌာနမဟုတ်ဘဲ အမိန့်၊ ညွှန်ကြားချက်ကို စောင့်ပြိး အမိန့်ချရတဲ့ ဌာနဆိုတာကိုလည်း သိခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ကို ထောင်ထဲထည့်လိုက်တဲ့ တရားသူကြီးကို NLD အစိုးရက ရာထူးတိုး နေပြည်တော် ရွှေ့ပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 

ကျွန်တော် ထောင်ထဲမှာ နေစဉ်ကတည်းက စဉ်းစားတယ်။ မီဒီယာနယ်ပယ်ထဲကနေ အမျိုးသားရေးလှုပ်ရှားမှုထဲ ရောက်လာတယ်။ မီဒီယာအလုပ်နဲ့ပဲ NLD ကဲ့သို့သော ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်နိုင်မယ်။ ထောင်က ထွက်ရင်တော့ တရားဝင် မီဒီယာအဖြစ် မှတ်ပုံတင်ပြီး လုပ်နိုင်သလောက် လုပ်မယ်လို့ ဆုံးဖြတ်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနေရှင်နယ်ပို့စ်ကို မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတော့မယ့်အချိန် ရောက်လာတော့ ကိုဗစ် ကန့်သတ်ချက်တွေကလည်း ရှိနေတယ်။ NLD ပါတီထောက်ခံသူတွေရဲ့ ဘာသာရေးစော်ကားမှုတွေဟာလည်း အရှိန်အဟုန် မြင့်တက်လာတယ်။ NLD ကို ယှဉ်ပြိုင်ကြမယ့် ပါတီတွေကို ကျွန်တော် ဝန်းရံပါတယ်။ အထူးအားဖြင့် NDF ကိုယ်စားလှယ်လောင်းတွေကို အင်တာဗျူးရုပ်သံတွေ ထုတ်ပေးတယ်။ ရွေးကောက်ပွဲကာလအတွင်း မဲလိမ်မဲခိုးမှုတွေကို ဖော်ထုတ်ခဲ့ကြတဲ့ USDP, PPP အစရှိတဲ့ ပါတီတွေကို ဝန်းရံတယ်။

ရွေးကောက်ပွဲကာလအတွင်းမှာ အသစ်ပေါ်ပေါက်လာတဲ့ ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက ပွင့်ပွင့်လင်းလင်းပြောပါတယ်။ "ကျွန်တော် က အမျိုးသားရေးလှုပ်ရှားသူဆိုတာတွေကို လူရှုပ်တွေလို့ပဲ မြင်ခဲ့တာ။ အစိုးရကို အနှောက်အယှက်ပေးနေသူတွေလို့ မြင်တာ။"တဲ့။ အမျိုးသားရေးအသိမရှိတဲ့ ကိုယ်စားလှယ်လောင်းပေါ့။ သူတို့ရဲ့ အသက်အရွယ်တွေက ကျွန်တော်တို့ ပြောပြရမယ့် အရွယ်တွေ မဟုတ်တော့ဘူး။ သူကိုယ်တိုင် ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေပြီပဲ။ နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တော့ရှိတယ်။ စီးပွားရေးတစ်ခုပဲ သိတယ်။ နိုင်ငံရေးပြဿနာတွေကို မသိဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြံဆိုးကို မသိဘူး။

NLD, ၈၈ အုပ်စုက နိုင်ငံရေးလုပ်စားသူများဟာ အမျိုးသားရေးလှုပ်ရှားသူများကို အစွန်းရောက်တံဆိပ် ကပ်ခဲ့ကြတယ်။ အမျိုးသားရေးလှုပ်ရှားသူများအနေနဲ့ အစွန်းရောက် အကြမ်းဖက်ပြီး ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ် တစ်ခုမှ မရှိခဲ့ဘူး။ လက်နက်ကိုင်ပြီး အပြစ်မဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ညှဉ်းပမ်းနှိပ်စက်တဲ့ လုပ်ရပ်မျိုး မရှိခဲ့ဘူး။ အခု NLD, ၈၈ အုပ်စုက နိုင်ငံရေးလုပ်စားသူတွေ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပြစ်မှတ်ထား သတ်ဖြတ်ခဲ့တာ ၅၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးပြီ။ ဘယ်သူတွေ အစွန်းရောက်လဲ အထူး ပြောဖို့မလိုပါ။

နိုင်ငံရေးသမားဆိုတာ အခြေခံအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ရှိမှ နိုင်ငံရေးသမားကောင်း ဖြစ်ပါမယ်။ အမျိုးသားရေးစိတ်ဓာတ် မခိုင်မာရင် NLD, ၈၈ က ပုဂ္ဂိုလ်များလို တိုင်းတပါး သြဇာခံ နိုင်ငံရေးလုပ်စားသူတွေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ ဖြစ်လာတတ်ပါတယ်။ နိုင်ငံရေးလုပ်မယ့် လူငယ်လူရွယ်များ လေ့လာဆင်ခြင်သတိပြုရမယ့် နိုင်ငံရေးသင်ခန်းစာတွေ ရှိတယ်။ ကျွန်တော်တို့ သိတဲ့အသိကလည်း ပါးပါးလေးပဲ ရှိသေးတယ်။ မြန်မာပြည်ကို ကမောက်ကမဖြစ်အောင် အစဉ်သဖြင့် အားထုတ်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု (မုသားအင်ပါယာကြီး နဲ့ အိုအိုင်စီအဖွဲ့ရဲ့ သြဇာခံ နိုင်ငံရေးသမား (နိုင်ငံရေးလုပ်စားသူတွေ)၊ မီဒီယာအမည်ခံ(ပြည်ဖျက်မီဒီယာတွေ) တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတာကိုတော့ လေ့လာသိရှိပြီး သင်ခန်းစာယူကြဖို့ တိုက်လွန်းလိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)