MNP - ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အောက်ရွာအုပ် စု ကျော်ဇံဆီဆိုင်ကုန်းမှ ထူးရေစင်သောက်ရေသန့်စက်ရုံအနီးအထိ လမ်းဘေး ဝဲယာများတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်(၇)နာ ရီအချိန်က ဆောင် ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့် ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော် ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက် နှင့် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့ နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းပါဝင်၍ အမှိုက်များ ကောက်ယူခြင်း၊မြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment