MNP - ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှပြည်သူများ မိမိတို့နေ ထိုင်ရာရပ်ကွက်၊ကျေးရွာများသို့ နေရပ်ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်း လုပ်ဆောင်ကြရန်၊ မြို့မဈေးအနီး လမ်းမကြီးဘေး နှစ်ဖက်တွင် မော်တော်ယဉ်များ နံနက် ၅ နာရိမှ ၁၂ နာရီထိ ယဉ်များမရပ်ရန်၊ မော်တော်ဆိုင်ကယ်နှစ်ထပ်မရပ်နားရန် နှင့် ဌာနဆိုင်ရာဝန် ထမ်းများ မိမိတို့ရုံးဌာနအလိုက်အလိုက်တစ်ပတ်လျှင် တစ်ကြိမ် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းလှပ အောင် လုပ်ဆောင်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း ပွင့်လန်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ဒေသအတွင်းရှိ တော၊တောင် များတွင် တောမီးရှို့ခြင်း၊ ရပ်ကွက်၊ကျေးရွာများတွင် အမှိုက်များ မီးရှို့ခြင်းတို့ မပြုလုပ်ကြရန် တို့ကိုပြောကြားခဲ့ပြီး နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်းရေးမှူး ဒုတိယရဲ မှူးကြီး ခင်မောင်စိုးကလည်း ဆယ်တန်းစာမေးပွဲဖြေဆိုတော့မည်ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ နှင့်ဌာနဆိုင်ရာများတို့ပူးပေါင်း၍ ဖြေဆိုမည့် စာသင်ကျောင်း များအလိုက် လုံခြုံ ရေး တာဝန်များ ချမှတ်ရမည့်အကြောင်းတို့ကို ပြောကြားခဲ့သည်။
ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင် ရာများ မှ လည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြား ခဲ့ပြီး ခရိုင်စီမံ အုပ် ချုပ်ရေး အဖွဲ့ဥက္ကဌ မှခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment