ကျောက်ဆည်မြို့၌ ပဲတီစိမ်းသီးနှံဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူတောင်သူများအဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ ပဲတီစိမ်းသီးနှံဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူတောင်သူများအဆင်ပြေလျက်ရှိ



MNP  -   ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ(၂၁၂၉)ဧကစိုက်ပျိုးခဲ့ပြီး ဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးတောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံကို တစ်တင်း (၁၄၀၀၀)ကျပ် ရောင်းချရကြောင်း ပန်းခွာကျေးရွာမှ တောင်သူဦးမျိုးသန်းဦးကပြောပြသည်။  


ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး  ပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)မှ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင်ကျေးရွာများတွင် (၅၆၆)ဧက၊ တိုက်နယ်(၆)မှ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက်က္ကတောင်၊ ရွေဒါး၊ရဲဘော်ကြီး (၄၀၅၇)ဧက၊ တိုက်နယ်(၇)တွင်(၃၆၉၆)ဧက၊ တိုက်နယ် (၈)တွင်(၁၁၆၇)ဧက၊ တိုက်နယ်(၉) တွင်(၂၃၀)ဧက၊ တိုက်နယ်(၁၀)တွင်(၃၄၁)ဧက၊ တိုက်နယ်(၁၁)တွင် (၂၂၉)ဧက၊ တိုက်နယ်(၁၂)တွင်(၁၀၂၁)ဧက စုစုပေါင်း(၁၂၆၉၃)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် မှိုရောဂါပိုးဒဏ်ခံနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့်ရေဆင်း(၁၁)နှင့် ရေဆင်း (၁၄)ပဲတီမျိုးများ အဓိထားစိုက်ပျိုးကြောင်းနှင့်  မိရိုးဖလာ(ပက်ကျဲ)စနစ်ဖြင့်စိုက်ပျိုးပါက (၁)ဧကမျိုး(၄)ပြည်ခန့်အသုံးပြုရပြီးနှင့် သိပ္ပံနည်းကျ (ဘောင်စနစ်) ဖြင့်စိုက်ပျိုးပါက (၁)ဧကမျိုး (၂)ပြည်ခန့်အသုံးပြုကြောင်း၊ တစ်ဧကထွက်နှုန်းမှာ (၁၇)တင်းမှ(၂၁)တင်း ထွက်ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)