MNP - ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးက ၂၀၂၃ ခုနှစ်တွင် ကျင်းပဆောင်ရွက်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် ဝန်ထမ်းဦးရေမှာ (၉၀၀)ကျော်ရှိ၍ ပါဝင်ဆောင်ရွက်ရမည့်ဌာနများမှ ဝန်ထမ်းဦးရေများကို စာရင်းပေးသွင်းကြရန်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးလှိုင်က ဌာနဆိုင်ရာများအနေဖြင့် ဒေသဆိုင်ရာ အချက်အလက်များကို လစဉ်ပုံမှန်ပေးပို့ပေးရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအင်အားစာရင်းများကို အသီးသီးတင်ပြ ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment