ဖလမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ



MNP   -   ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ကျင်းပပြုလုပ်ကြောင်း သိရ သည်။


အခမ်းအနားတွင် ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့(၁)ဒုတိယ ဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ချင်းပြည်နယ်အလံကို အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသူဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဖတ်ကြားသည်။


ဆက်လက်၍ ဖလမ်းခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး ဦးစာရုံမန်းက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းကာ တက်ရောက်လာကြသူများအား ခေါက်ဆွဲကြော်ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။


ရဲမြင့်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)