(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုဇုန်ထုတ်ပစ္စည်းများ ဈေးရောင်းပွဲတော် ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုဇုန်ထုတ်ပစ္စည်းများ ဈေးရောင်းပွဲတော် ဖွင့်ပွဲ ကျင်းပ































MNP၊ ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုဇုန်ထုတ်ပစ္စည်းများဈေးရောင်းပွဲတော်ဖွင့်ပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဦးဆောင်သော အဖွဲ့သည် စက်မှုဇုန်ထုတ်ပစ္စည်းအရောင်းပြခန်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းအရောင်းပြခန်းများ၊ တွင်းထွက်ရတနာအရောင်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ ပါဝင်ဖျော်ဖြေတင်ဆက်မည့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ဈေးရောင်းပွဲတော်ကို (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)