MNP - ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မွေးစမှ(၅)နှစ်အထိ မကျန်းမာသောကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက်၉နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါမွမ်းမံသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှက သင်တန်းအဖွင့်အမှာစကားနှင့် မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုး၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၂) ဒေါ်သိန်းသိန်းအေး၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမာတို့က သင်တန်းအားပို့ချကြကြောင်း သိရသည်။
သင်တန်းသို့ တွံတေးမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်းထမ်းအားလုံး တက်ရောက်ကြပြီး သင်တန်းကို(၂)ရက်ကြာ သင်ကြားပို့ချကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment