ရသေ့တောင်မြို့၌ ဝန်ထမ်းစာဖတ်ဝိုင်းဆောင်ရွက်မှုအားပြန်လည်ဆန်းစစ်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ဝန်ထမ်းစာဖတ်ဝိုင်းဆောင်ရွက်မှုအားပြန်လည်ဆန်းစစ်ခြင်း ဆောင်ရွက်





MNP   -    ဖေဖော်ဝါရီ  ၂၂

       ရခိုင်ပြည်နယ်၊စစ်တွေခရိုင်ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ၈.၂.၂၀၂၃ ရက်နေ့က စာကြည့်တိုက်စီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းမှ အခန်းအလိုက် ပြန်လည်ဆန်းစစ်ခြင်းအစီစဥ်အား ယနေ့.မွန်းလွဲပိုင်းအချိန်က မြို့နယ်ရုံးCommunity Centre ခန်းမ၌ ဝန်ထမ်းများနှင့် ကျင်းပသည်။


ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးအတွက် ဆောင်ရွက်နေသည့် စာဖတ်ဝိုင်းများကို ဟန်ပြသဘောမဟုတ်ဘဲ အကျိုးရှိစွာဆောင်ရွက်ရန် နှစ်ပတ်လည် အစည်းအဝေးတွင် ညွှန်ကြားထားသည့်အတိုင်း ပြန်လည်ဆန်းစစ်ခြင်းအစီစဥ်ကိုဆောင်ရွက်ရခြင်းဖြစ်ပြီး ဝန်ထမ်းများကမိမိတို့ဆွေးနွေးဖတ်ကြားခဲ့သည့်ခေါင်းစဥ်အလိုက် တစ်ဦးချင်းတင်ပြဆွေးနွေးကြသည်။


ထို့နောက် ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကဖတ်ပြဆွေးနွေးပြီးသည့် လက်ရေးမူစာများအား ဆောင်ရွက်မှုမှတ်တမ်းဖိုင်တွဲထားရန်ပြောကြားဆွေးနွေးခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)