တန့်ယန်းမြို့နယ်တွင် လက်နက်များ ပြုလုပ်နေသည့် တွင်ခုံအား လုံခြုံရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် လက်နက်များ ပြုလုပ်နေသည့် တွင်ခုံအား လုံခြုံရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး





MNP ၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာရှိ စိုင်းဆန်အုံး ၏ တွင်ခုံတွင်  လက်နက်ခဲယမ်းများ ပြုလုပ်နေကြောင်းသတင်းရသည့်အတွက် ၂၂-၃-၂၀၂၃ ရက်နေ့က လုံခြုံရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်သူ ၃ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်ပြုလုပ်သည့်တွင်ခုံ၊ လက်နက်အချို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တွင်ခုံမှ သိမ်းဆည်းရမိ လက်နက်များမှာ ပစ္စတို ၆ လက်၊ တူမီး  ၅ လက်၊ လေသေနတ် ၂ လက်၊ ပြုလုပ်ဆဲ သေနတ်အစိတ်အပိုင်းများ၊ ကျည်ဆံများ၊ wy စိတ်ကြွဆေးပြား ၈၀ ပြား၊ SSPP/SSA အဖွဲ့ဝင်ကတ် ၁ခု တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)