မြိတ်မြို့တွင် ကျောင်းသား/သူများအားမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ကျောင်းသား/သူများအားမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော




MNP   -   ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အနာဂတ်တိုင်းပြည်၏ သားကောင်း ၊သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ကိုယ်ပိုင်အထက်တန်း ကျောင်း(၂) ကျောင်းတွင် ဖေဖော်ဝါရီ(၁၀)ရက်က ပြုလုပ်ခဲ့သည်။


“ယခုအခါ စိတ်ပြောင်းဆေးဝါးအသစ်များ ထပ်မံထွက်ပေါ်လာပြီဖြစ်သဖြင့် knowledge သိရှိစေဖို့နဲ့ စိတ်ပြောင်းဆေးဝါးများဖြစ်တဲ့ အက်တစီဆေးပြား၊ ကတ်တမင်းဆေးမှုန့် များနှင့်အတူ Happy water ဆေးမှုန့်များ ဖမ်းဆီးရမိမှုများ ရှိလာတာကြောင့် ကျောင်းသား/ သူလူငယ်လူရွယ်များအား ကြိုတင်ရှောင်ရှားနိုင်ဖို့ရည်ရွယ် ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ပါတယ် ” ဟု အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု(မြိတ်) တပ်ဖွဲ့စုမှူး ယာယီရဲမှူးဆန်းညွန့်အောင်က ပြောသည်။


 ဦးစွာ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးကျော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု(မြိတ်)မှတပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွန့်အောင်က မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ အရေးယူသည့် ဥပဒေများနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့အားအကျယ်တဝင့် ဟောပြောသည်။


နေ့လယ်ပိုင်းတွင် မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်း  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှု/ပြစ်ဒဏ်များအား ဟောပြောခဲ့သည်။ ဟောပြောရာ၌ ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်ဖွဲ့စုမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)