MNP - ဖေဖော်ဝါရီ ၁၇
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ လေ့လာကြည့်ရှုနိုင်စေရန်အတွက်၊ ယနေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ဘုတ်တွင်ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်မှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအစိုးရနှစ်ရပ်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးရေး၊ စီးပွားရေးနှင့်စွမ်းအင်ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးဆွေးနွေးပွဲမှတ်တမ်းများ အစရှိသည့် ဓာတ်ပုံမှတ်တမ်းများကို ၅ လက်မ× ၇ လက်မ ဆိုဒ်များဖြင့်ပြသထားရာ လမ်းသွား/လမ်းလာပြည်သူများ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နေအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment